Skip to main content

Posts

Showing posts from September, 2020

How to take care of Succulent

How to take care of Succulent နေကြိုက်ပင်မို့ မနက်နေရောင်ရနေတဲ့နေရာမှာထားပေးရင် ပိုအဆင်ပြေပါတယ်။ နေရောင်ရနေမယ်ဆို အိုးလေးကို လှည့်လှည့်ပေးရပါမယ်နော်။ တဘက်ထဲနေရောင်ရနေရင် အရွက်လေးတွေ နေလောင်မှာစိုးလို့ပါ။ ညနေနေကတော့ အရမ်းပူလို့ တိုက်ရိုက်မရရင် ပိုကောင်းပါတယ်။ နေလောင်ရင် သူ့အရွက်လေးတွေ ဝါတတ်လို့ပါ။ ရေမကြိုက်လို့ သတိထားလောင်းရမယ့် အပင်မျိုးပါ။ ၁ပတ် ၁၀ရက်တခါ အိုး အောက်ခြေကို ရေထဲ စက္ကန့် ၃၀လောက်စိမ်ပေးလို့ရပါတယ်။ အပေါ်ကလောင်းမယ်ဆို ၁၀ရက် ၁၅ရက်တခါ မြေသားကို လက်ဖက်ရည်ဇွန်း ၃ ၄ ဇွန်းပဲလောင်းရမှာပါ။ မြေခြောက်မှလောင်းပေးဖို့လိုပါတယ်။ ပုံမှန် အပင် ပုံစံတွေနဲ့ကွဲထွက်ပြီး ကန္တရထဲ ဒီလိုအရွက်လှလှလေးတွေနဲ့ အပင်တွေရှိနေတာ သဘာဝတရားကပေးတဲ့ လက်ဆောင်ပါ။ တအားလှလို့ အိမ်ခန်း အလုပ်ခန်း စာကြည့်ခန်း အိပ်ခန်း ဘယ်နေရာမဆို အလှဆင်ထားရင် စိတ်ချမ်းသာစေမှာ အမှန်ပဲ။ Crd : Pandora's Floral Box