Skip to main content

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုနိုင်ဖို့ နည်းလမ်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ်။

၁) အုပ်ကြွပ်မိုးပါ 

အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။
အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။

၂) Radiant Barrier သုံးပါ 

အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ Insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။
Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။

ဒီနှစ်ချက်ဟာ Initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။
အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။
ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။

၃) Aloe Vera စိုက်ပါ 

မိမိအိမ်ခန်းထဲမှာ Aloe Vera ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်းအပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ် ။
ဒါ့အပြင် aloe vera ဟာ formaldehyde compounds တွေကိုလည်း စုပ်ယူပေးတဲ့အတွက်ကြောင့် indoor air quality ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ် ။
ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ် ။

၄) အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ် ။
နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ်သမားတွေအတွက်ပါ ။
မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ ။
မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ် ။

၅) အရိပ်ရအပင်စိုက်ပါ 

အာဆီယံနိုင်ငံနဲ့ အကိုက်ညီဆုံး Fast Growing Shade Trees တွေထဲမှာ ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ် ။ ဒုတိယကတော့ ကုက္ကိုလ်ပင် ပါ ။

ဒီငါးချက်ကို တတ်နိုင်တဲ့သူတွေ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေ အခုကစ လုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာ အပူဒဏ် လျော့ကျသွားနိုင်ပါတယ် ။ 

#အဲကွန်းလျော့သုံးပါ
#အပင်စိုက်ပါ
#အပူဒဏ်ခံပစ္စည်းများအသုံးပြုပါ
#ကမ္ဘာမြေကိုကယ်တင်ပါ 
 

Article Credit to SI THU ( IC )

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...