Skip to main content

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

#ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ 

#ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။

ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။

ယူကလစ်သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။
ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ
မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ
မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။
အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသများရှိသဲဆန်းသောမြေSandy နှင့် နှုံးမြေSiltyအမျိုးအစားများတွင် ပေါက်ရောက်နိုင်ပါသည်။
ဆားဓါတ်များသောမြေစေးများနှင့် အချဉ်ဓါတ်လွန်ကဲသောမြေများတွင် Latrite,Clayey,Acidified soils ဖြစ်ထွန်းမှုနည်းပါသည်။ မြေသားထုတွင် ရေစီးရေလာကောင်းပြီး အသင့်အတင့် ချဉ်သောမြေ၊ မြေငန်များ Alkalineတွင် ဖြစ်ထွန်းကြောင်း တွေ့ရပါသည်။
မြန်မာနိုင်ငံတွင် ၁၉၂၁-၁၉၂၉ ခုနှစ်အတွင်း ယူကလစ်မျိုး(၇)မျိုးဖြင့် စမ်းသပ်ကွက်များအဖြစ် ၁၉၅ ဧကစိုက်ပျိုးခဲ့ပါသည်။
ထိုယူကလစ်မျိုးစိတ်(၇)မျိုးမှာ
  1. Eucalyptus camaldulensis၊
  2. Eucalyptus grandis (Shan lThabye)၊
  3. Eucalyptus robusta၊
  4. Eucalyptus tereticoris
  5. Eucalyptus citriodora
  6. Eucalyptus saligna နှင့်
  7. Eucalytus globus တို့ဖြစ်ပါသည်
၁၉၆၇ ခုနှစ် ၀န်းကျင်မှစတင်၍ သစ်တောဦးစီးဌာနအနေ ဖြင့် သစ်တောစိုက်ခင်းများ စတင်စိုက်ပျိုးခဲ့ကြောင်းသိရပါသည်။
၁၉၆၇ ခုနှစ်တွင် မန္တလေးသစ်ဆိပ်ပြင်ဦးလွင် သစ်တောခရိုင်တို့တွင် သစ်တောစိုက်ခင်းအဖြစ် လည်းကောင်း၊ ပြင်ဦးလွင် ကွတ်ခိုင် တောင်ကြီးနှင့် အောင်ပန်းဒေသများတွင် ထင်းစိုက်ခင်းများအဖြစ် လည်းကောင်း၊ ပြင်ဦးလွင်တွင် စက်မှုကုန်ကြမ်းစိုက်ခင်းအဖြစ် လည်းကောင်း၊ စိုက်ပျိုးခဲ့ပါသည်။
ယနေ့အချိန်ထိ ယူကလစ်စိုက် ခင်းဧရိယာဧက(၁၁၈၇၇၄)ဧက စိုက် ပျိုးတည်ထောင်ခဲ့ပြီး စုစုပေါင်းစိုက် ခင်း ဧရိယာ၏၉.၄% ခန့်ရှိပါသည်။
ယခုအခါ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ဒေသခံတောင်သူပြည်သူ များက စိတ်၀င်စားစွာစိုက် ပျိုးတည်ထောင်လျက်ရှိပါသည်။

ယူကလစ်သစ်မျိုးအား အလှစိုက်ပင်၊ လောင်စာထင်း၊ သစ်ခွဲသားတိုင် တန်းသစ်လုံးများ၊လယ်ယာသုံးသစ်၊ ဇလီဖားတုံး၊ စက္ကူပျော့ဖတ်အထည် အလိပ်၊ စက်မှုကုန်ကြမ်း၊ ဆေးဘက် ၀င်ယူကလစ်ဆီ၊ ရေမွေးထုတ်ယူက လစ်ဆီ၊ လေကာရန် လေကြမ်း မုန် တိုင်း မြေပြိုတိုက်စားခြင်းမှကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရန် စသည့်ဖြင့်အသုံးပြုစိုက်ပျိုးကြပါသည်။
သစ် ဂုဏ်သတ္တိနှိုင်းယှဉ်ရာတွင် အောက်ပါအတိုင်းတွေ့ရပါသည် -
E.ယူကလစ် T.ကျွန်းP.ပျဉ်းကတိုး Iအင်/Kကညင်
1️⃣ သိပ်သည်းခြင်း E.၅၂ T.၄၇ P.၅၂ I/K၅၆ (ပေါင်/ကုဗပေ)
2️⃣ သိပ်သည်းဆ E.၀.၇၁၃ T.၀.၅၉၆ P.၀.၉၂ I၀.၇၃
3️⃣ဗျက်အတိုင်းကျုံ့မှု E၇.၃၀ T၄.၂၀P ၆.၇၀I/K၉.၁၀ (အစိုမှပေါင်းခံ အခြောက်)%
4️⃣ထုအတိုင်းကျုံ့မှုE. ၃.၉၀T.၂.၃၀ P. ၃.၃၀ I/K၄.၄၀
5️⃣ပုံသဏ္ဍန်တည်ငြိမ်မှု% E၁.၈၇T၁.၈၃ P၂.၃၀ I၂.၀၇
6️⃣အကျိုးပဲ့ခိုင်နိုင်ရည်အား E၁၅၇၉၈ T.၁၄၉၆၅ P.၁၄၂၈၀
I/K၁၃၉၂၅(new ton/mm2 )
7️⃣ ကြာရှည်ခံနိုင်မှု E.ကြာရှည်ခံ T.အလွန်ခံ P.အလွန်ခံ I/Kဆေးသွင်းမှကြာရှည်ခံ
1️⃣ နိုင်ငံတကာတွင် ယူကလစ်စိုက်ခင်းများအား တည်ထောင်မှုမှာ ဘရားဇီးနိုင်ငံ တွင် အစိုးရမူဝါဒ အရ ၂၀၀၅ ခုနှစ်တွင် နှစ်စဉ်စိုက်ခင်း ဟတ်တာ(၅) သိန်းခန့် စိုက်ပျိုးပြီး ၂၀၁၀ခုနှစ်တွင် နှစ်ဆခန့် တိုးမြှင့်စိုက်ပျိုးပါသည်။
2️⃣ တရုတ်နိင်ငံသည်ဒုတိယအများဆုံးစိုက်ပျိုး ပါသည်။၁၉၉၇ ခုနှစ်တွင် ယူကလစ်စိုက်ခင်း ဧရိယာ (၄.၆)သိန်းဟတ်တာရှိခဲ့ပြီး ယခုအခါ အဆပေါင်းများစွာစိုက်ပျိုးထားပါသည်။
3️⃣ထိုင်းနိုင်ငံတွင်နှစ်ပေါင်း(၁၀၀) ခန့်က စတင်စိုက်ပျိုးခဲ့ပြီး၁၉၇၀ခုနှစ် နောက်ပိုင်းရောက််မှ သစ်တောစိုက်ခင်းစိုက်ပျိုးခဲ့ပါသည်။
ယူကလစ်သစ်မျိုးအားနိုင်ငံတကာတွင် စိုက်ခင်းများအဖြစ် တည် ထောင်စိုက်ပျိုးလာခဲ့ပါသည်။

ယူကလစ်စိုက်ခင်းများနှင့် စပ် လျဉ်း ၍ ဂယက်ရိုက်ခတ်မှုများနှင့် အငြင်းပွားများမှာ
ယူကလစ်စိုက် ခင်းများသည် မြေအောက်ရေကိုကုန်ခမ်းစေခြင်း၊
မြေအောက်ရေပိုမိုနိမ့်ကျစေခြင်း၊
မြေဆီလွှာအဟာရခန်းခြောက်ခြင်း
အခြားအပင်များပေါက်ရောက်ကြီးထွားမှုကိုဟန့်တားခြင်း၊
ယူကလစ်အရွက်များတွင် ပါ၀င်သည့်ဓာတုဒြပ်ပေါင်း (Allelopathy) ကြောင့် မြေပေါ်ဇီ၀မျိုးစုံဆိုးကျိုးသက်ရောက်စေခြင်း နှင့်
တောမီးလောင်ခြင်း စသည်တို့ အငြင်းပွားဖော်ပြခဲ့ပါသည်။
ထို့ကြောင့် ယူကလစ်စိုက်ခင်းများနှင့်စပ်လျဉ်း၍အကျိုးအကြောင်း ရှင်းလင်းချက်နှင့် သုတေသန တွေ့ရှိချက်အား တင်ပြရပါက~

🌲ယူကလစ်အမြစ်သည်Shallow root system ဖြစ်ခြင်း၊
🌳ရေသောက်မြစ်သည် ပေ ၂၀ ထက်မပိုခြင်း၊အမြစ်များသည် အပေါ်ပိုင်း၌သာ ပြန့်ကားနေခြင်းကြောင့် အပေါ်ယံရေကိုသာစုတ်ယူခြင်း မြေအနက်၂၅ပေထက်နက်သည့် မြေအောက်ရေကို စုတ်ယူနိုင်မှု မရှိခြင်း မြေအောက်ရေကိုထိခိုက်မှုမရှိခြင်း၊
🌿အကြီးမြန်သစ်ပင်တိုင်းသည် ၄င်းတို့ကြီးထွားမှု၊ ရှင်သန်မှုအတွက် အဟာရနှင့်ရေကို သုံးစွဲရခြင်း၊
🍂ယူကလစ်အရွက်တွင်ပါ၀င်သည့် ဓာတုဒြပ်ပေါင်း Allelopathy သည် မိုးရေချိန်၁၄လက်မ ထက်နည်းသောဒေသတွင်သာ ဆိုးကျိုးဖြစ်စေခြင်း၊
🍁အခြားသစ်မျိုးများနှင့် ရောနှောစိုက်ပါက ယူကလစ် စိုက်ခင်း၏ ဓာတုဒြပ်ပေါင်းAllelopathy သက် ရောက်အနည်းငယ်သာရှိခြင်း တွေ့ရပါသည်။
🍀(ယခုခေတ် စိုက်ပျိုးသည့် Hybridစပ်မျိုးယူကလစ်များ သည် ရေစုတ်ယူမှု အနည်းဆုံးနှင့် ဓာတုဒြပ်ပေါင်းထိခိုက်မှု မတွေ့ရကြောင်းသိရပါသည်။)
🌿ယူကလစ်အရွက်များနှင့်အခေါက်တွင် အဟာရဓါတ်အလွန်ကြွယ်၀သဖြင့် အရွက်နှင့်အခေါက်များ အား အပင်ခုတ်ပြီး ဆက်လက်ထားခြင်းဖြင့် မြေသြဇာပိုမိုကြွယ်ဝစေနိုင်ခြင်း
🌳ယူကလစ်စိုက်ခင်းအပါအ၀င် သစ်မျိုးတစ်မျိုးတည်းသာ စိုက်ပျိုးပါက ဇီ၀မျိုးစုံမျိုးကွဲ တန်ဖိုးအလွန်နည်းခြင်း၊အခြားသစ်မျိုးများ ရှင်သန်ကြီးထွားရန်ခက်ခဲသောဒေသများ
🌄အထူးသဖြင့်ပူပြင်းခြောက် သွေ့သည့် မိုးနည်းရပ်၀န်းဒေသများတွင် ရှင်သန်ကြီးထွားနိုင်ခြင်း၊
🌪️လေမုန်တိုင်းနှင့် မြေပြိုခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကာ ကွယ်ခြင်း ထင်း၊ တိုင်တန်း၊ သစ်ခွဲသားများ အချိန်တိုအတွင်းရရှိနိုင်ပါသည်။


သုံးသပ်အကြံပြုတင်ပြလိုသည်မှာ
ယူကလစ်သစ်မျိုးသည်
🍁ကြီးထွားနှုန်းမြန်ဆန်ခြင်း
🍁သစ်ထုထည် ပမာဏအများအပြားကိုအချိန်တိုအတွင်းရရှိနိုင်ခြင်း
🍁ပတ်၀န်းကျင်အခြေအနေ အမျိုးမျိုးတွင် လိုက်လျောညီထွေစွာ ရှင်သန်နိုင်ခြင်းတို့ကြောင့်
🏝️ရည်ရွယ်ချက် 🏖️နေရာဒေသအခြေအနေအမျိုးမျိုးပေါ် မူတည်၍ 🏞️စနစ်တကျကောင်းမွန်မှန်ကန်သည့် စီမံအုပ်ချုပ်လုပ်ကိုင်မှုများဖြင့် 🗻စိုက်ပျိုးမည်ဆိုပါက ⛰️စိုက်ပျိုးသင့်သည့် သစ်မျိုးဖြစ်ပါသည်။

🌿ယူကလစ်သစ်မျိုးများအား မြေနေရာဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ အထူးသဖြင့် မြေဆီ အဟာရတိုးပွားစေသည့် သစ်များနှင့်ရောနှောစိုက်ပျိုးခြင်း ၊ ဒေသနှင့် သင့်လျော်သည့် ကောက်ပဲသီးနှံ များနှင့် ရောနှောစိုက်ပျိုးခြင်း၊စီမံအုပ်ချုပ် မှုနှင့် စိုက်ပျိုးပြုစုမှု စနစ်တကျဆောင်ရွက်ခြင်း၊ ရောဂါပိုးမွှား ကာကွယ်ထိန်းချုပ်ရာတွင်ဇီ၀နည်းပညာ ကို အသုံးပြုခြင်း၊ ခုတ်သိမ်းသည့်အခါ ကျန်ရှိသည့်သစ်ရွက်သစ် ခေါက်များအား ယင်းစိုက်ခင်းနေရာတွင်ပင် မြေဆီအဟာရပြန်လည်
ဖြည့်တင်းပေးရန်
🌿ခက်ခဲသည့် နေရာဒေသများ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရန် အလေးထား စိုက်ပျိုးခြင်း၊ ယူကလစ်မှရရှိသည့် အကျိုးအမြတ်သည် ပမာဏတန်ဖိုးထက်များပါက စက်မှုကုန်ကြမ်းအဖြစ် စိုက်ပျိုးရန် သင့်လျောကြောင်းပါ တင်ပြခဲ့ပါ သည်။
(စာတမ်းမှကောက်နုတ်တင်ပြချက်)

မိမိမှတ်ချက် Ba Than's comment-
တကယ်ပညာရှင်တွေလေ့လါထါးတါ ပြည်သူတွေ သိဖို့လို ပါတယ်"သုတေသနရလာဒ်များကသာ" တကယ့်ဖြစ်ရပ်မှန် အချက်အလက်မှန်ကို ဖေါ်ထုတ််နိုင်မှာ။
မြန်မာမှာက ကောဠာဟာဠနှင့် ကာလါမသုတ်လါသလို မိမိ အတွေ့နှင့်ကိုက်ညီလျှင် အမှန်ပါဆိုပြီး တကမ္ဘာလုံး ကြားအောင် အော်ချင်သည် အများပြောလျှင် နောက် ယောင်ခံလိုက်လို့ ထေါက်ခံ ံချင်သည်။
သည်ထဲ ပိုက်ဆံရှိလို့ သစ်တောစိုက်ခင်းတည်ထေါင်သေါ ငွေရှင်များကို မြေသိမ်းလို့ မြင်ပြင်းကပ်ခါ ယူကလစ် အပြစ်ဖို့လိုက်ပြန်ပါသေးသည်။

ကျောက်တူးပြီးစီးပွားရှာတါထက် သစ်ပင်စိုက်စီးပွားရှာသူက ကျွဲကူးရေပါ သဘာဝပတ်ဝန်းကျင်နှင့် လူ့လောက စည်ပင်ဖို့ တတတ်တအား အကျိုးပြုသည်ကို တွေးပြီးအားပေးရကောင်းမှန် မသိပေ။

*သစ်တောလုပ်ငန်းက ရေရှည်လုပ်ရခြင်း။ ပင်ပမ်းခက်ခဲခြင်း။ မျှော်မှန် အကျိုးမသေချာခြင်း။ရင်းနှီးငွေများခြင်း။ နည်းပညာ နှင့် ကျွမ်းကျင်မှု လိုခြင်း။ ထုတ်လုပ်မှုအဆင့်ဆင့်ရှိခြင်း။ အဝေးအလံ တွင်လုပ်ရခြင်း။ ဥပဒေနားလည်ရခြင်း။ အရေးယူအပြစ်ပေးခံရနိုင်ခြင်း စသော အချက်များ ကြောင့် လုပ်ကိုင်လိုသူနည်းပါးသည်။

သို့ဖြစ်ရာ

၁။ကျွန်း ပျဉ်း တမလန်းလို ရေရှည်သစ်
၂။ ယူကလစ် မန်ဂျန်ရှား၊ မအူ တို့လို နှစ်လတ်(နှစ်၂၀ထိ)သစ်
၃။ပေါက်ပန်းဖြူ မဲဇလီ ယူကလစ် တို့လို ထင်း တိုင် မျော အတွက်နှစ်တို(၁၀နှစ်ထိ )သစ်ဟူ၍ ရင်းနှီးမှု၃မျိုး ခွဲနိုင်ရာ ငွေပင်စိုက်သူ အနေနှင့် သားမြေးများအတွက် နှစ်ရှည် ချည်းမလုပ်ပဲ ငွေမြန်မြန်ပေါ် အောင် နှစ်တိုနှစ်လတ်အတွက် လုပ်ကိုင်မှုအပေါ်နား လည်ရပေမည်။

*ကျွန်း ပျဉ်းစသော 'ရွှေ'သစ်ဖြစ်ထွန်းနိုင်သောနေရာတွင် ယူကလစ်လို အပင် စိုက်ခြင်းဖြင့် "ကြေးသစ်" ထုတ်လုပ်မှုကလည်းစဉ်းစားစရာ-လက်မခံနိုင်စရာဖြစ်ပါသည်။

*တကယ်သစ်ပင်လုပ်ငန်းအပေါ်မမျှော်ကိုးပဲ တန်ဘိုးမြင့်လါသော မြေပိုင်ဆိုင်မှုအတွက် "ခါတော်မီအရင်းရှင်"များကိုတော့ မူဝါဒ ဥပဒေ လုံလေါက်သောဝန်ထမ်းနှင့်ခံစားမှု စဉ်ဆက်မပြတ်သော ကြီးကြပ်ကွပ်ကဲ လမ်းညွှန် အရေးယူ အပြစ်ပေးမှုများ နှင့် ရည်ရွယ်ချက်ပေါက်ရောက် အောင်ဆောင်ရွက်ကြသင့်သည် ဟုယုံကြည်သည်။

* ပြည်သူများကို တိုးချဲ့ပညာပေးပြီး ပြည်သူပါဝင်သော ဆောင်ရွက်မှု ကွပ်ကဲမှုများ လုပ်ဖို့လည်းမလွဲမသွေ လိုအပ်ပါလိမ့်မည်။နားလည်ကြရပေမည်။
mindset တွေ change ဖို့ လိုနေပြီ
Comment-အလွန်ကောင်းပါတယ်သဘာဝတောကိုလဲခြံထားပါ အခြားကျွန်း ပ်ျဉ်ကတိုး ပိတောက်
ရွှေပင်လဲစိုက်ပါတဆက်တစပ်တည်းစ်ိုက်လျှင်လဲ မိမိစိုက်မည့်နေရာမှာရှိတဲ့သဘာဝပေါက်နေတဲ့သစ်ကြီးဝါးကြီတွေကြိုံခံထားစေခြင်ပါတယ်
သုံးနှစ်သားဆိုလျင်ဒီသစ်တောထဲမှာဘဲပျားမွေးလ်ို့ရပါတယ်မီးတားလမ်းကိုပေ ၄၀ အ်ထထားနိုင်လျှင်ပိုကောင်းပေါ့

🌿မိုးရေချိန်၄၀နဲ့အမြင်ပေ၃၀၀၀ဆိုအတော်ဖြစ်ထွန်းတာကိုတွေ့ရပါတယ် နှစ်နှစ်သားအထိတော့ပေါင်းရှင်းခြင်က ိုနှစ်ကြိမ်မှသုံးကြိမ်အထိရှင်းရပါတယ်ပေါင်းအုပ်သွားလျှင်တော့အပင်မတက်ဘဲလှီသွားတာပါဘဲ။
သဘာဝမြေသြ ဇာဖြစ်တဲ့နွားချေးဆိတ်ချေးကြက်ချေး တို့နဲလဲစိုက်လို့ဖြစ်ပါတယ်တစ်ပိုင်တနိုင်ဘဲဖြစ်ဖြစ်စိုက်ကြည့်ပါအကျိုးဖြစ်ထွန်းမှုသိသာပါလိမ့်မယ်။
မြေကိုဒီတိုင်ထားမည့်အစားသဘာဝပါတ်ဝန်းကျင်မှာစိမ်းလန်းစိုပြေမှုလဲရ မိမိစီးပွားရေးအထောက် အကူလဲဖြစ်လို့စိုက်သင့်ကြောင်းရေးသားတင်ပြအပ်ပါသည်ခင်ဗျား

Saw Win~
ဟုတ်ကဲ့ ဆရာကျွန်တော် ၂၀၁၂ ကနေစစိုက်ပျိုးပါတယ် ဧကအသင်အတင့်ရှိပါတယ်တောကျန်လဲချန်တယ်သစ်တောအပင်ကြီးလဲချန်တယ် တချို့နေရွာေတဆိုယခင်ကရေထွက်တွေဧပြီမေမှာခန်းခဲ့တယ် ယခုရေမခန်းတော့တာကိုတွေ့ရပါတယ်ခင်ဗျား လေးစားစွာဖြင့် စောဝင်း

U Aung Win- Ba Than ဆရာဘသန်းရေ..ပုပ္ပါးတောင်မကြီးအနောက်ဖက်ခြမ်းအတွေ့ကြုံလေးဖလှယ်ပါရစေ။ ၁၉၉၅-၁၉၉၆ ပုပ္ပါး တောင်အုပ်ချုပ်ရေးမှူးဦးဦးဂါလက်ထက်ဥယာဉ်အတွင်း
ပြင်ပမှ ငှက်ပျောစိုက်ခင်းတွေတိုးချဲ့လာတာကြောင့် တောပြန်းခဲ့တယ်။
ငှက်ပျောကိုတားမြစ်ပြီး အကြီးမြန်ယူကလစ်ပင် တွေနဲ့အစားထိုးခဲ့တယ်။
မူလတောပြန်တက်လာတော့ တဖြေးဖြေးချင်း ယူကလစ်တွေရှင်းလင်းခဲ့တာအခုဆိုရင်တောအုပ်ဆိုင်း ဆိုင်းတွေပြန်တွေ့မြင်လာရပြီးဖြစ်တယ်။
အဲကာလအတွင်း သိသာတဲ့မြေဆီလွှာဆုံးရှုံးခြင်း မြေအောက်ရေ ခမ်းခြောက်ခြင်းမတွေ့ရပါဘူး။
natural springs တွေလဲ ရေထွက်ဆဲပါ။ ပုပ္ပါးရွာနဲ့တောင်ကလပ် လူဦးရေတိုးလာသော်လည်း နွေကာလတိုသာခဏရေနဲသွားသော်လည်း ပြဿ နာ ကြီးကြီးမားမားမတွေ့ရပါ။

Ba Than-ယူကလစ်နှင့်ပတ်သက်၍ အကြံပြုလိုသည်မှာ-
1.မိုးလက်မ၂၀အောက်အကျယ်အပြန့်မစိုက်ရန်<100acre

2.စပ်မျိုးHybridကို၆ပေအောက်အကွာအဝေးစိပ်စိပ်မစိုက်ရန်နှင့်

3.ခုတ်ပတ်တိုတို<၅နှစ်မထုတ်ယူရန်(အကြီးမြန်သစ်ဖြစ်သဖြင့်မြေဆီဆုံးရှုံးမှု nutrient drainများမည်-အရွက်အခေါက်ကိုအဆွေးခံဖို့ချန်ထားရန်)

4.ထပ်မံစိုက်ပျိုး သောအခါNo- slash & burnမီးနာအောင်ရှို့မစိုက်ရန်

5.ဧက၅၀၀အထက်ဖြစ်လျင် အခြားသစ်မျိုး-ဖြစ်နိုင်လျင် နိုက်တြိုဝျင်ဖမ်းနိုင်သောသစ်မျိုးနှင့် ရောစိုက်ရန်(အမြဲစိမ်းကြာခံတန်းstripစိုက်လျင်မီးကာကွယ်ပြီးဖြစ်မည်)။

6.မြင့်သောတောင်ကုန်းထိပ်ပိုင်းနှင့်လျိုမြောင်များတွင်သဘာဝတောကိုမခုတ်ပဲချန်လှပ်ထားရန်

#Green_Guy

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာ(ADPA)

နောက်ခံအကြောင်း ဧရာဝတီလင်းပိုင်များသည် မျိုးသုန်းအန္တရာယ်နှင့် အထူးရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း ၇၉ကောင်သာကျန်ရှိသည်။ ရေထုညစ်ညမ်းခြင်း၊ အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင် ငါးဖမ်းနည်းများသုံးခြင်း၊ လှေအသွားအလာအလွန်များပြားခြင်း စသည့် လူသားများ၏လုပ်ရပ်များက ၎င်းတို့၏အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်။ စီမံကိန်း ဧရာဝတီမြစ်ထဲကျန်နေသည့် လင်းပိုင်အုပ်စုငယ်သည် မန္တလေးမြို့၏မြောက်ဘက်၊ မင်းကွန်းနှင့် ဗန်းမော်အကြားတွင် နေထိုင်ကြသည်။ ယင်းမြစ်၏ အရှည် ၇၄ ကီလိုမီတာရှိသော ဧရိယာတစ်ခုကို ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေးဧရိယာ (ADPA) အဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန (DoF) က ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ယင်းဧရိယာတွင် လင်းပိုင်များ ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လျှပ်စစ်ရှော့တိုက်၍ ငါးဖမ်းခြင်း၊ အချို့သော ငါးဖမ်းပိုက်အမျိုးအစားများ အသုံးပြုခြင်းတို့ကို တင်းကျပ်စွာ တားမြစ်သည်။ ဧရာဝတီမြစ်တစ်လျှောက်လုံးတွင် ရွှေကျင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် တားမြစ်ခဲ့သည်။ DoF သည် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) နှင့်အတူပူးပေါင်း၍ လင်းပိုင် စော...