Skip to main content

Posts

Showing posts from August, 2020

ပလတ်စတစ်ဘူးတွေနဲ တည်ဆောက်ထားတဲ့ ကျွန်း

ဒီတစ်​ခေါက်ပြောပြချင်တဲ့ ​ကြောင်းအရာလေးကတော့ စွန့်ပစ်ပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်းလေးတစ်အကြောင်းပဲဖြစ်ပါတယ် အဲ့ဒီကျွန်းလေးက Ivory Coast နိုင်ငံ ရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ Abidijan မြို့ မှာတည်ရှိတာဖြစ်ပါတယ်။ ဒီလိုမျိုးစွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးတွေနဲ့ လူလုပ်ကျွန်းလေးတစ်ခု ဖန်တီးခဲ့တဲ့သူကတော့ French လူမျိုး လူမှုအကျိူးပြုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Eric Becker ဖြစ်ပြီး ဒီစိတ်ကူးလေးကို 2012 မှာစတင်အကောင်အထည်​ဖော်ခဲ့ပါတယ်။ Eric က Abidijan မြို့တွင်း နဲ့ ကမ်းခြေတစ်လျောက်မှာ ဖုံးလွှမ်းနေတဲ့ စွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးပေါင်း 700,000 ကျော်ကို 6 နှစ်ကြာ စုဆောင်းပြီး ဒီအပန်းဖြေကျွန်းလေးကို တည်ဆောက်ခဲ့ပါတယ်။ ထိုပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ကျွန်းလေးက တန် ၂၀၀ နီးပါးလေးတယ်တဲ့ဗျ။ ကျွန်းပေါ်မှာ ဘားတစ်ခု ၊ စားသောက်ဆိုင်တစ်ခု ၊ ရေကူးကန်နှစ်ခုပါရှိကာ ကျွန်းကို 260m အရှည်ရှိတဲ့ တံတားတစ်ခုလည်းရှိပါတယ်။ ရေကန်ကြီးအလယ်မှာ စွန့်ပစ်ပလတ်စတစ်ရေသန့်ဘူးတွေနဲ့ တည်ဆောက်ထားတဲ့ကျွန်းလေးရှိမယ် အဲ့ကျွန်းလေးပေါ်မှာ ရေကူးကန...

ဧရာဝတီလင်းပိုင် (သို့မဟုတ်) ချစ်စရာအပြုံးပိုင်ရှင်များ

မျိုးတုန်းပျောက်ကွယ်လုနီးပါး သတ္တဝါအဖြစ် သတ်မှတ်ခံထားရပြီဖြစ်တဲ့ နိုင်ငံ့ရတနာ "ဧရာဝတီလင်းပိုင်" လေးတွေဟာ မျက်နှာမှာ အမြဲပြုံးရယ်နေတဲ့ဟန်ရှိပြီး အလွန်ယဉ်ပါးကာ ခုန်ပေါက် ရေမှုတ်ပြီး ပျော်ရွှင်မြူးတူးဆော့ကစားတတ်တဲ့ ချစ်စရာသတ္တဝါလေးတွေပဲဖြစ်ပါတယ် ဒီလိုချစ်စရာကောင်းတဲ့ ဧရာဝတီလင်းပိုင်တွေဟာ အချို့သောမသမာသူတို့ရဲ့ ရှော့ခ်တိုက် သတ်ဖြတ်မှုကြောင့် အရေအတွက်အလွန်တရာနည်းပါလာပြီဖြစ်ပါတယ် ဧရာဝတီလင်းပိုင်တွေဟာ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သလို ကိုယ်ဝန်ဆောင်ရင် ၁၄ လ ကြာမြင့်ပြီး တစ်ကြိမ်မှာ ၁ ကောင်သာမွေးဖွားကြပါတယ်။ ဧရာဝတီလင်းပိုင်တစ်ကောင်ဟာ ၇ နှစ်ကနေ ၉ နှစ်သားအရွယ်ကျမှသာ မျိုးပွားနိုင်တဲ့အရွယ်ရောက်ရှိပါတယ်။ ထို့ကြောင့် အခုလိုအဖိုးတန်ပြီး ရှားပါးမျိုးနွယ်ဖြစ်တဲ့ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန် က နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အခုလို ရှော့ခ်တိုက် သတ်ဖြတ်ခြင်းကို မပြုလုပ်ကြပါရန်နဲ့ ကာကွယ်ထိန်းသိမ်းကြဖို့အတွက် အခု Post လေးကို လူအများသတိထားမိအောင် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် Bixel Creative #Save_Irrawaddy_Dolphins (၆)လအတွင်း သေတာ (၆)ကောင်တောင်ရှိပြီ။ခုရက်ပိုင်းအ...

ခြောက်သွေ့ဒေသ စိမ်းလန်းစိုပြေရန် ဆောင်ရွက်ခြင်း

နည်းအမျိုးမျိုးနှင့် မိုးရေစုခြင်း၊ သစ်ပင်စိုက်ခြင်းတို့ဖြင့် မိုးခေါင်ရေရှား ခြောက်သွေ့နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်စိမ်းလန်းစိုပြေအောင် လုပ်လို့ ရပါတယ်။ အင်တာနက်ပေါ်မှာ သူများနိုင်ငံတွေမှာ ရေရှားခြင်း၊ မြေဇီလွှာတိုက်စား ပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်း ပြဿနာများကို Swales ဟုခေါ်သည့် ရေတားများ Check dam ဟုခေါ်သည့် ချောင်းရိုးပိတ် တမံလေးများတည်ဆာက်ခြင်း၊ အနိမ့်ပိုင်းတွေမှာ ရေကန်များ တည်ဆောက်ခြင်းတို့ဖြင့် အောင်မြင်စွာ ကုစားနိုင်ကြတာ တွေ့ရပါတယ်။ ဤအရာများ ပြုလုပ်ခြင်းဖြင့် မိုးရေကို လိုချင်သည့်နေရာ စီးစေနိုင်ပါသည်၊ ရေစီးနှုန်းကို နှေးအောင်ပြုလုပ်နိုင်သောကြောင့် မြေကြီးထဲ ရေစိမ့်ဝင်ချိန်ရအောင် ပြုလုပ်နိုင်ပါသည်၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ခြင်း မြက်စိုက်ခြင်းတို့ကြောင့် သစ်ပင်အမြစ်များက ရေဓာတ်ကို စုထားနိုင်ခြင်း၊ မြေဆီလွှာမတိုက်စားအောင် ထိမ်းထားနိုင်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်မြေမှာ ရေဓာတ်၊ အစိုဓာတ်တို့ဖြင့် စိမ်းစိုလာပါသည်၊ မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်နိုင်သောကြောင့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်း လာပါသည်။ စမ်းရေများ သူ့အလိုလို ထွက်လာပါသည်။ နမူနာတစ်ခုကတော့ အိန္ဒိယအနောက်ပိုင်း ...