Skip to main content

ပလတ်စတစ်ဘူးတွေနဲ တည်ဆောက်ထားတဲ့ ကျွန်း


ဒီတစ်​ခေါက်ပြောပြချင်တဲ့ ​ကြောင်းအရာလေးကတော့ စွန့်ပစ်ပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်းလေးတစ်အကြောင်းပဲဖြစ်ပါတယ်

အဲ့ဒီကျွန်းလေးက Ivory Coast နိုင်ငံရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ Abidijan မြို့မှာတည်ရှိတာဖြစ်ပါတယ်။
ဒီလိုမျိုးစွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးတွေနဲ့ လူလုပ်ကျွန်းလေးတစ်ခု ဖန်တီးခဲ့တဲ့သူကတော့ French လူမျိုး လူမှုအကျိူးပြုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Eric Becker ဖြစ်ပြီး ဒီစိတ်ကူးလေးကို 2012 မှာစတင်အကောင်အထည်​ဖော်ခဲ့ပါတယ်။

Eric က Abidijan မြို့တွင်း နဲ့ ကမ်းခြေတစ်လျောက်မှာ ဖုံးလွှမ်းနေတဲ့ စွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးပေါင်း 700,000 ကျော်ကို 6 နှစ်ကြာ စုဆောင်းပြီး ဒီအပန်းဖြေကျွန်းလေးကို တည်ဆောက်ခဲ့ပါတယ်။
ထိုပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ကျွန်းလေးက တန် ၂၀၀ နီးပါးလေးတယ်တဲ့ဗျ။
ကျွန်းပေါ်မှာ ဘားတစ်ခု၊ စားသောက်ဆိုင်တစ်ခု၊ ရေကူးကန်နှစ်ခုပါရှိကာ ကျွန်းကို 260m အရှည်ရှိတဲ့ တံတားတစ်ခုလည်းရှိပါတယ်။
ရေကန်ကြီးအလယ်မှာ စွန့်ပစ်ပလတ်စတစ်ရေသန့်ဘူးတွေနဲ့ တည်ဆောက်ထားတဲ့ကျွန်းလေးရှိမယ် အဲ့ကျွန်းလေးပေါ်မှာ ရေကူးကန်လေးနဲ့ bar လေးလည်းရှိမယ် ၊ 260m ရှည်တဲ့ တံတားမှာလေညှင်းခံရင်းလမ်းလျှောက်ရမယ့်ကျွန်းလေးကို မိတ်ဆွေတို့ရော သွားလည်ချင်ကြလားဗျ။

"ကျွန်တော့်အနေနဲ့ တစ်ကမ္ဘာလုံးမှာ ဒီလိုမျိုး စွန့်ပစ်ပစ္စည်းတွေအသုံးပြုပြီးတည်ဆောက်ထားတဲ့ကျွန်းလေးတွေ အများကြီး တွေ့လာရဖို့ မျှော်လင့်ပါတယ်" လို့ Eric ကပြောပြသွားခဲ့ပါတယ်

မိတ်ဆွေတို့ရော ပိုက်ဆံလေးတွေစုပြီး အဲ့ကျွန်းကို သွားမလည်ချင်ကြဘူးလား?

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုနိုင်ဖို့ နည်းလမ်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ်။ ၁) အုပ်ကြွပ်မိုးပါ  အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။ အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။ ၂) Radiant Barrier သုံးပါ   အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ Insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။ Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။ ဒီနှစ်ချက်ဟာ Initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။ အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။ ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။ ၃) Aloe Vera စိုက်ပါ  မိမိအ...