Skip to main content

ခြောက်သွေ့ဒေသ စိမ်းလန်းစိုပြေရန် ဆောင်ရွက်ခြင်း


နည်းအမျိုးမျိုးနှင့် မိုးရေစုခြင်း၊ သစ်ပင်စိုက်ခြင်းတို့ဖြင့် မိုးခေါင်ရေရှား ခြောက်သွေ့နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်စိမ်းလန်းစိုပြေအောင် လုပ်လို့ ရပါတယ်။ အင်တာနက်ပေါ်မှာ သူများနိုင်ငံတွေမှာ ရေရှားခြင်း၊ မြေဇီလွှာတိုက်စား ပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်း ပြဿနာများကို Swales ဟုခေါ်သည့် ရေတားများ Check dam ဟုခေါ်သည့် ချောင်းရိုးပိတ် တမံလေးများတည်ဆာက်ခြင်း၊ အနိမ့်ပိုင်းတွေမှာ ရေကန်များ တည်ဆောက်ခြင်းတို့ဖြင့် အောင်မြင်စွာ ကုစားနိုင်ကြတာ တွေ့ရပါတယ်။
ဤအရာများ ပြုလုပ်ခြင်းဖြင့် မိုးရေကို လိုချင်သည့်နေရာ စီးစေနိုင်ပါသည်၊ ရေစီးနှုန်းကို နှေးအောင်ပြုလုပ်နိုင်သောကြောင့် မြေကြီးထဲ ရေစိမ့်ဝင်ချိန်ရအောင် ပြုလုပ်နိုင်ပါသည်၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ခြင်း မြက်စိုက်ခြင်းတို့ကြောင့် သစ်ပင်အမြစ်များက ရေဓာတ်ကို စုထားနိုင်ခြင်း၊ မြေဆီလွှာမတိုက်စားအောင် ထိမ်းထားနိုင်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်မြေမှာ ရေဓာတ်၊ အစိုဓာတ်တို့ဖြင့် စိမ်းစိုလာပါသည်၊ မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်နိုင်သောကြောင့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်း လာပါသည်။ စမ်းရေများ သူ့အလိုလို ထွက်လာပါသည်။

နမူနာတစ်ခုကတော့ အိန္ဒိယအနောက်ပိုင်း "ဟီးဝရေးဘာဇား (Hiware Bazar)" ရွာလေးဟာ တစ်နှစ်ကို မိုးရေချိန် ၁၆ လက်မ (400 mm) လောက်သာ ရရှိပါတယ်။ ရေရှားပါးမှုကြောင့် ပူပြင်းခြောက်သွေ့တဲ့နေရာ ဖြစ်ပါတယ်။ သို့သော် ၁၉၉၂ ခုလောက်ကစပြီး ရွာလူကြီးမှ ဦးဆောင်က ရွာသူရွာသားများက ရွာ၏ ရေဝေရေလဲ နေရာများကို အထက်ပါနည်းများအတိုင်း စီမံခန့်ခွဲခဲ့ပါတယ်။
ဤနည်းဖြင့် ဆည်မြောင်း ရေပေးဝေနိုင်တဲ့ ဧရိယာက ၁၉၉၂ မှာ ၄ဝ ဟက်တာရှိရာကနေ ၂ဝဝ၉ မှာ ၅၅ဝ ဟက်တာအထိ ဖြစ်လာပါတယ်။ ရေတွင်းတူးခြင်းကို တားမြစ်ထားပြီး သိုလှောင်ထားသည့် ရေကိုသာ သုံးစေပါသည်။ စိုက်ခင်းအချို့ကို ရေအသုံးပြုမှု ၄ဝ% သက်သာစေသော ရေအစက်ချ စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးစေပါတယ်။

နို့စားနွားများအတွက် မြက်ပိုစိုက်နိုင်သည့်အတွက် နို့ထွက်နှုန်းကောင်းခြင်း၊ နွားများများမွေးနိုင်ခြင်းတို့ကြောင့် ၁၉၉၂ မှာ တစ်ရက်ကို နွားနို့ ၁၅ဝ လီတာထွက်ရာကနေ ၂ဝဝ၉ မှာ တစ်ရက် ၄,ဝဝဝ လီတာထိ ထွက်လာပါတယ်။

မိုးရေချိန် ၁၁ လက်မလောက်ပဲ ရတဲ့နှစ်တွေမှာတောင် သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။ ရေအခြေအနေကြည့်၍ ရွာသားများစုပေါင်းကာ မည်သည့်သီးနှံစိုက်ကြမလဲ တိုင်ပင်ဆွေးနွေး၍ ဆုံးဖြတ်ကြသည့်အတွက် ဆုံးရှုံးနစ်နာမှု နည်းလာတယ်လို့ ဆိုပါတယ်။


နောက်အားကျစရာ တစ်ခုကတော့ အမေရိကန်မှာ ကြက်ကြော်လုပ်ငန်းရှင် David Bamberger ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အဖိုးကြီးဒေးဗစ်ဟာ တက္ကဆက်ပြည်နယ်ထဲက ဧက ၅,၅ဝဝ အကျယ်ရှိတဲ့ အင်မတန်ဆိုးဝါးပြီး ဘာမှလုပ်လို့မရတဲ့ မြေကိုဝယ်ယူခဲ့ပြီး ပြန်လည်စိမ်းလန်းစိုပြေလာအောင် နှစ် ၅ဝ လုံးလုံး ကျိုးစားခဲ့ပါတယ်။ စစခြင်း ပေ ၅ဝဝ နက်တဲ့ ရေတွင်း ၇ တွင်းတူးပြီး မြက်နဲ့ အခြားအပင်တွေ စိုက်ခဲ့တာပါ၊ မြေကြီးထဲမှာ ရေကိုစုပ်ယူထားနိုင်တဲ့ မြက်ပင်ရဲ့ အမြစ်ဟာ သူ့လုပ်ငန်းမှာ အဓိက ကျခဲ့တယ်လို့ အဖိုးဒေးဗစ်က ဆိုပါတယ်။

နှစ် ၅ဝ ကြာပြီးတဲ့နောက်မှာ တော့ ဘာပင်မှ မယ်မယ်ရရမပေါက်၊ ဘာစမ်းရေမှ မရှိတဲ့ Waste land နေရာဟာ သစ်ပင်ပေါင်းများစွာ၊ စမ်းချောင်းငယ်၊ စမ်းရေအိုင်ပေါင်းများစွာနဲ့ စိမ်းလန်းစိုပြေလို့ နေပြီဖြစ်ပါတယ်။
ဗီဒီယိုလင့်များကို အောက်မှာ ဝင်ကြည့်နိုင်ပါတယ်။ မိုးခေါင်ရေရှား ခြောက်သွေ့နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည် စိမ်းလန်းစိုပြေအောင် လုပ်နိုင်တဲ့ အခြားအခြားသော အောင်မြင်တဲ့ ဇာတ်လမ်းတွေ အများကြီးလည်း YouTube မှာရှိပါတယ်။

မြန်မာပြည်က အဲလိုဒေသမှ လူများ အားကျ၍ လုပ်ချင်ပါက တတနိုင်သမျှ ပါဝင်ကူညီပါမည့်အကြောင်းလည်း ပြောကြားလိုပါတယ်။
Credit : Aye Kyaw Kyaw

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုနိုင်ဖို့ နည်းလမ်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ်။ ၁) အုပ်ကြွပ်မိုးပါ  အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။ အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။ ၂) Radiant Barrier သုံးပါ   အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ Insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။ Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။ ဒီနှစ်ချက်ဟာ Initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။ အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။ ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။ ၃) Aloe Vera စိုက်ပါ  မိမိအ...