Skip to main content

ဧရာဝတီလင်းပိုင် (သို့မဟုတ်) ချစ်စရာအပြုံးပိုင်ရှင်များ


မျိုးတုန်းပျောက်ကွယ်လုနီးပါး သတ္တဝါအဖြစ် သတ်မှတ်ခံထားရပြီဖြစ်တဲ့ နိုင်ငံ့ရတနာ "ဧရာဝတီလင်းပိုင်" လေးတွေဟာ မျက်နှာမှာ အမြဲပြုံးရယ်နေတဲ့ဟန်ရှိပြီး အလွန်ယဉ်ပါးကာ ခုန်ပေါက် ရေမှုတ်ပြီး ပျော်ရွှင်မြူးတူးဆော့ကစားတတ်တဲ့ ချစ်စရာသတ္တဝါလေးတွေပဲဖြစ်ပါတယ်

ဒီလိုချစ်စရာကောင်းတဲ့ ဧရာဝတီလင်းပိုင်တွေဟာ အချို့သောမသမာသူတို့ရဲ့ ရှော့ခ်တိုက် သတ်ဖြတ်မှုကြောင့် အရေအတွက်အလွန်တရာနည်းပါလာပြီဖြစ်ပါတယ်
ဧရာဝတီလင်းပိုင်တွေဟာ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သလို ကိုယ်ဝန်ဆောင်ရင် ၁၄ လ ကြာမြင့်ပြီး တစ်ကြိမ်မှာ ၁ ကောင်သာမွေးဖွားကြပါတယ်။ ဧရာဝတီလင်းပိုင်တစ်ကောင်ဟာ ၇ နှစ်ကနေ ၉ နှစ်သားအရွယ်ကျမှသာ မျိုးပွားနိုင်တဲ့အရွယ်ရောက်ရှိပါတယ်။

ထို့ကြောင့် အခုလိုအဖိုးတန်ပြီး ရှားပါးမျိုးနွယ်ဖြစ်တဲ့ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန် က
နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
အခုလို ရှော့ခ်တိုက် သတ်ဖြတ်ခြင်းကို မပြုလုပ်ကြပါရန်နဲ့ ကာကွယ်ထိန်းသိမ်းကြဖို့အတွက် အခု Post လေးကို လူအများသတိထားမိအောင် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

(၆)လအတွင်း သေတာ (၆)ကောင်တောင်ရှိပြီ။ခုရက်ပိုင်းအတွင်း သေတာ (၂)ကောင်။ ရှော့တိုက်ငါးဖမ်းကြလို့ လင်းပိုင်တွေပါ သေကုန်တာတဲ့
ပုံမှန်အချိန်ဆို ဖမ်းကြတယ်၊ ကင်းလှည့်တယ်။ ခုကကျ ကင်းမလှည့်တဲ့ အချိန်ကိုစောင့်ကြည့်ပြီး ရှော့တိုက်ကြတာတဲ့။ သေကုန်တာပဲ ...
လင်းပိုင်းလေးတွေက မျိုးပွါးဖို့လဲ ခက်တယ်။ ကြာလဲကြာတယ်။ ကြီးလာဖို့လဲ စောင့်ရတယ်။ အခုကျ ကလေး (၂)ကောင်နဲ့ အကြီး (၄)ကောင်တောင် သေကုန်ပြီ။ ခပ်ကြမ်းကြမ်းပြောရရင်တော့ အသတ်ခံရတာပေါ့။ ပိုဆိုးတာက သေကုန်တာက အမလေးတွေ ချည်းပဲတဲ့။ မျိုးဆက်ပွါးဖို့ ပိုခက်သွားတာပေါ့
ဧရာဝတီလင်းပိုင်ဆိုတာ ရှားပါးရေချိုလင်းပိုင်အမျိုးအစားပါ။ မြန်မာနိုင်ငံမှာ (၇၆)ကောင်ပဲရှိတော့တယ်။ အခု (၆)ကောင်တောင်သေဆိုတော့ (၇၀)ပဲကျန်မယ်။ ဒါတောင် မိုးတွင်းရေကြီးလို့ ရေစီးနဲ့ မျှောပါသွားတာ၊ ပြန်ရှာမရတာတွေလည်း ရှိဦးမှာ။ ဒီကြားထဲ ရှော့တိုက်ငါးဖမ်းကြတော့ ပိုဆိုး။ အဖတ်ဆယ်မရ ဖြစ်မှာပဲ ကြောက်တယ်။
ရှော့တိုက်ငါးဖမ်းတဲ့ တံငါသည်မှမဟုတ်၊ ရှော့တိုက်ဖို့ လျှပ်စစ်ဝါယာကြိုးရောင်းတဲ့သူတွေကိုလည်း သေချာကိုင်တွယ်ရမယ် ထင်တာပါပဲ ....
ကိုဗစ်မဖြစ်ခင်ကတော့ ဧည့်သည်တွေလာ။ လင်းပိုင်ကြည့်ကြ။ လှေတွေသုံးကြနဲ့ဆိုတော့ အလုပ်ဖြစ်တယ်နဲ့တူပါရဲ့။ ခုကျ ငါးရှာဖို့ မြန်မာ့ရှားပါးလင်းပိုင်တွေ မျိုးတုန်းတော့ မလိုဖြစ်ကုန်ပြီ ....

ဧရာဝတီလင်းပိုင်ဆိုတာ
တံငါးသည်တွေနဲ့ ငါးအတူတူဖမ်းပေးတဲ့ ဖိုးပြုံးချိုလေးတွေ
မျိုးတုန်းလုနီး ကမ္ဘာ့ရှားပါးအမျိုးအနွယ်
တစ်ကမ္ဘာလုံးမှာရှိတဲ့ ကုလသမဂ္ဂက အစ၊ WWF, WCS, Green Peace, Natural Green Allianceစတဲ့ NGO တွေအဆုံး ထိန်းသိမ်းဖို့ အားပေးကြတဲ့ ရှားပါးမျိုးစိတ်
အဲ့လို ကမ္ဘာမှာရော၊ မြန်မာမှာရော အင်မတန်ရှားပါးတဲ့ လင်းပိုင်လေးတွေ မျိုးမတုံးဖို့ ဝိုင်းကူညီပေးကြပါ။ ဒီထက်ထိရောက်တဲ့ စည်းကမ်းမျိုးနဲ့ စောင့်ရှောက်နိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများကို ဝိုင်းပြောပေးကြဖို့ အနော်က မေတ္တာရပ်ခံပါတယ်။

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုနိုင်ဖို့ နည်းလမ်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ်။ ၁) အုပ်ကြွပ်မိုးပါ  အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။ အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။ ၂) Radiant Barrier သုံးပါ   အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ Insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။ Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။ ဒီနှစ်ချက်ဟာ Initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။ အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။ ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။ ၃) Aloe Vera စိုက်ပါ  မိမိအ...