Skip to main content

ကိုဗစ်-၁၉ ကာလအတွင်း ပတ်ဝန်းကျင်ကို ဘာတွေလုပ်ပြီးထိန်းသိမ်းကြမလဲ?

အာလုံးပဲမင်္ဂလာပါခင်ဗျာ
အခု လောလောဆယ်တော့ အားလုံး တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေနေကြရလို့ ပျင်းနေကြပြီလို့ထင်ပါတယ်။ Green Guy လည်းတူတူပဲ အိမ်မှာအိပ်လိုက်စားလိုက်နဲ့ အရမ်းပျင်းနေပါတယ်။ ကဲ ဒီတော့ အချိန်တွေလည်းအလကားမဖြစ်၊ ကိုယ်ချစ်ရတဲ့ သဘာဝတရားကြီးကိုလည်း စိမ်းလန်းစိုပြေစေဖို့ အိမ်မှာနေရင်း လုပ်နိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အပင်ငယ်လေးတွေစိုက်ပါ

အပင်စိုက်တယ်ဆိုတာ ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုအမှန်တကယ်လျှော့ချပေးပြီး အောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်ပါတယ်။အိမ်မှာနေရာမရှိတာပဲဖြစ်ဖြစ် အပင်ကြီးတွေစိုက်ဖို့စိတ်မရှည်တာပဲဖြစ်ဖြစ် အပင်ငယ်လေးတွေကိုစမ်းစိုက်ကြည့်လို့ရပါတယ်။ဟင်းသီးဟင်းရွက်အပင်လေးတွေ(ဥပမာ-ကြက်သွန်မိတ်၊နံနံပင်၊ပူဒီနာ၊ခရမ်းချဉ်သီး)၊ပန်းပင်လေးတွေ(ဥပမာ-နှင်းဆီ၊သစ်ခွ)၊အခန်းတွင်းလေသန့်တဲ့အပင်လေးတွေ(ဥပမာ-အသားများပင်၊ဂမုန်းပင်၊ရှားစောင်းလက်ပတ်) စတဲ့အပင်ငယ်လေးတွေကို စိုက်ကြည့်တာက အပျင်းလည်းပြေ သဘာဝပတ်ဝန်းကျင်ကိုလည်း‌ စောင့်ရှောက်ရာ ရောက်ပါတယ်။

ဆွေးမြေ့အမှိုက်တွေကို မြေဆွေးဖြစ်အောင်ဖြိုခွဲကြည့်ပါ

မိမိအိမ်မီးဖိုချောင်ကထွက်တဲ့စွန့်ပစ်အမှိုက်တွေ(ဥပမာ-ကြက်ဥခွံ၊ဟင်းသီးဟင်းရွက်အမှိုက်၊နေကြာစေ့ခွံ၊မြက်ခြောက်)၊စက္ကူအစုတ်တွေကို အိမ်နဲ့ဝေးရာခြံဝန်းထဲတစ်နေရာမှာ ကန်လေးတစ်ခုပြုလုပ်ပြီး စုပုံထားလိုက်ပါ။အချိန်ကြာရင် ဆွေးမြေ့ပြီး အိမ်တွင်းစိုက်ပျိုးရေးတွက် အကျိုးပြုမယ့် မြေဆွေးတွေရရှိပါမယ်။ဒီလိုမြေဆွေးပြုလုပ်ခြင်း(Composting)ဟာ မြေဆီလွှာအတွက်ရော၊အမှိုက်စွန့်ပစ်မှုအတွက်ပါ အကျိုးရှိစေပါတယ်။ *သတိထားရမယ့်အချက်ကတော့-အစားအသောက်အပုပ်အသိုးတွေကိုထိုသို့စွန့်ပစ်ခြင်းမပြုလုပ်သင့်ပါဘူး!

နီးနီးနားနားသွားရင် ခြေလျင်(သို့မဟုတ်) စက်ဘီးစီးပါ

ရောဂါပိုးတွေကူးစက်နေတုန်းဖြစ်ပေမယ့် အစားအသောက်ထွက်ဝယ်တဲ့အချိန် မဖြစ်မနေထွက်ရမယ့်အချိန်တွေမှာ Zero emissionဖြစ်စေမယ့်ခြေလျင်လျှောက်ခြင်း၊စက်ဘီးစီးခြင်းနည်းလမ်းများဖြင့် ဈေးထွက်ဝယ်သင့်ပါသည်။ လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်းက ကိုယ်လက်လှုပ်ရှားအားကစားဖြစ်ရုံသာမက သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုစေပြီး လေထုညစ်ညမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။

ပလတ်စတစ်လျှော့သုံးပါ

အစားအသောက်တွေထွက်ဝယ်မယ်၊အသုံးအဆောင်တွေထွက်ဝယ်ရမယ်ဆို ကိုယ်ပိုင်အိတ်လေးတွေ ချိုင့်လေးတွေယူသွားတာက ပိုပြီးအကျိုးရှိစေမှာပါ၊ရောဂါပိုးကိုလည်း ကာကွယ်နိုင်သလို ပလတ်စတစ်လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးရာရောက်ပါတယ်။

မိသားစုနဲ့အတူ Homemade product လေးတွေ စမ်းလုပ်ကြည့်ပါ

အိမ်မှာနေရတဲ့အချိန်အတွင်း မိမိ မိသားစုနဲ့ချစ်ခြင်းမေတ္တာတွေပိုတိုးပွားအောင် အသုံးစားရိတ်လည်းချွေတာဖြစ်အောင် Homemadeလေးတွေစမ်းလုပ်ကြည့်သင့်ပါတယ်။ဘာ‌တွေလုပ်ရမလဲ ဆိုတဲ့အိုင်ဒီယာလေးတွေ ကိုတော့ 5 Minutes Craft, Craft Panda စတဲ့ ချန်နယ်တွေကနေကြည့်ရှုပြီး စမ်းကြည့်ခြင်းဖြင့် ကလေးတွေအတွက်ရော မိမိကိုယ်တိုင်ပါ Ceativeဖြစ်လာစေနိုင်ပါတယ်။

အဝတ်လျှော်စက်မသုံးဘဲ လက်နဲ့လျှော်ပြီး နေလှန်းပါ

အဝတ်လျှော်စက်မသုံးဘဲ လက်နဲ့အသာအယာလျှော်ဖွပ်ခြင်းက အဝတ်အစားတွေကို ပိုမိုသန့်ရှင်းစေနိုင်ပြီး လျှပ်စစ်မီတာခလည်းချွေတာရာရောက်ပါတယ်။ အဝတ်‌အခြောက်ခံစက်မသုံးဘဲ သဘာဝနေရောင်ခြည်နဲ့ အခြောက်ခံခြင်းဖြင့် carbon footprint‌ တွေလျှော့ချပေးနိုင်ပြီး လျှစစ်မီတာခလည်းချွေတာနိုင်ပါတယ်။

မလိုအပ်ဘဲ မီးသီး/မီးချောင်းတွေ မဖွင့်ထားပါနဲ့

မီးသီးတွေမလိုအပ်ရင် ပိတ်ထားရုံသာမက ဗို့အားသက်သာတဲ့ Enery saving LED တွေကိုလည်းပြောင်းလဲအသုံးပြုသင့်ပါတယ်။
ဒီအချက်က အပေါ်မှာပြောခဲ့သလိုပဲ လျှပ်စစ်မီတာခချွေတာဖို့ပဲ ဖြစ်ပါတယ်။ မီတာခချွေတာရတဲ့အကြောင်းအရင်းကတော့ ယခုကျနော်တို့အစဉ်သဖြင့် ကြုံတွေ့နေရတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု(Electric shortage)တွေကို တစ်လက်တစ်လမ်းကနေ စွမ်းအင်တွေ wasteမဖြစ်အောင် ကာကွယ်ခြင်း ဖြစ်ပါတယ်။ မိမိရဲ့အသုံးစားရိတ်ကို ချွေတာနိုင်ရုံသာမက စွမ်းအင်မလုံလောက်မှုကိစ္စတွေကိုပါ ပါဝင်ဖြေရှင်းရာရောက်ပါတယ်။

Orangic ဟင်းသီးဟင်းရွက်တွေ စားသုံးပါ

ဒီအချိန်မှာ ကိုယ်ခံအားကောင်းနေဖို့ ကျန်းမာနေဖို့အလိုအပ်ဆုံးဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေ၊ဓာတုပစ္စည်းတွေ၊ဆိုးဆေးတွေကြောင့် နေ့စဉ်ရရှိတဲ့အာဟာရကို ထိခိုက်စေပါတယ်။ ကိုယ်ခံအားကောင်းဖို့ ရောဂါကာကွယ်နိုင်ဖို့ အကောင်ဆုံးနည်းလမ်းကတော့ လတ်ဆတ်တဲ့Organicအစားအသောက်တွေကို စားသောက်ဖို့ပါပဲ။ Organicစားသောက်ကုန်တွေကိုဝယ်စားရုံသာမက အိမ်မှာလည်းကိုယ်တိုင်စိုက်ပျိုးစားသင့်ပါတယ်။

အိမ်နောက်ဖေးဈေးဆိုင်တည်ပါ

အပေါ်မှာOrganicအစားအသောက်တွေ စားဖို့တိုက်တွန်းခဲ့သလိုပဲ Organic ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးကြည့်သင့်ပါတယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ပါဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အရမ်းတန်ဖိုးရှိပါတယ်။ အရေးပေါ်လိုအပ်တဲ့အခါမှာ မိမိစိုက်ခင်းလေးထဲက အသီးအနှံကို စိတ်ချလက်ချ စားသောက်နိုင်ရုံသာမက အိမ်နီးချင်းတွေကိုလည်းမျှဝေနိုင်ပါတယ်။

ဒီနေ့တော့ Quarantineကာလအတွင်း အကျိုးရှိစေမယ့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်မယ့်နည်းလမ်း(၉)ခုပဲ ဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းလေးတွေ လိုက်နိုင်စရာတွေကိုလည်း ဆက်လက် မျှဝေသွားပါဦးမယ်ခင်ဗျာ။

The Green Guy
13May2020

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာ(ADPA)

နောက်ခံအကြောင်း ဧရာဝတီလင်းပိုင်များသည် မျိုးသုန်းအန္တရာယ်နှင့် အထူးရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း ၇၉ကောင်သာကျန်ရှိသည်။ ရေထုညစ်ညမ်းခြင်း၊ အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင် ငါးဖမ်းနည်းများသုံးခြင်း၊ လှေအသွားအလာအလွန်များပြားခြင်း စသည့် လူသားများ၏လုပ်ရပ်များက ၎င်းတို့၏အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်။ စီမံကိန်း ဧရာဝတီမြစ်ထဲကျန်နေသည့် လင်းပိုင်အုပ်စုငယ်သည် မန္တလေးမြို့၏မြောက်ဘက်၊ မင်းကွန်းနှင့် ဗန်းမော်အကြားတွင် နေထိုင်ကြသည်။ ယင်းမြစ်၏ အရှည် ၇၄ ကီလိုမီတာရှိသော ဧရိယာတစ်ခုကို ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေးဧရိယာ (ADPA) အဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန (DoF) က ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ယင်းဧရိယာတွင် လင်းပိုင်များ ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လျှပ်စစ်ရှော့တိုက်၍ ငါးဖမ်းခြင်း၊ အချို့သော ငါးဖမ်းပိုက်အမျိုးအစားများ အသုံးပြုခြင်းတို့ကို တင်းကျပ်စွာ တားမြစ်သည်။ ဧရာဝတီမြစ်တစ်လျှောက်လုံးတွင် ရွှေကျင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် တားမြစ်ခဲ့သည်။ DoF သည် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) နှင့်အတူပူးပေါင်း၍ လင်းပိုင် စော...