Skip to main content

The Green Guy Journal မှ ကြိုဆိုလိုက်ပါတယ်

 
ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ လူသားများစတင်ပြီး သဘာဝပတ်ဝန်းကျင် ဂရုစိုက်လာကြပြီ ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်သည် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးနေသည့် အဖိုးတန်အရင်းအမြစ်ကြီးတစ်ခုလည်း ဖြစ်ပါသည်။ ထိုကြောင့် မိမိတို့လူသားများကိုသာမက ကမ္ဘာပေါ်ရှိ အခြားသက်ရှိအရာအားလုံးကို အကျိုးပြုနေသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် လိုအပ်ပါသည်။ ထိုသို့ စောင့်ရှောက်ကြရာတွင် အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများသာမက လူသားတိုင်းက မိမိ တတ်စွမ်းသမျှ နေ့စဉ်လုပ်ဆောင်မှုများမှတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်သွားသင့်ပါသည်။ မိမိတို့ နေ့စဉ်ဘဝတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်အောင် The Green Guy Journal မှ နည်းလမ်းများ၊ လိုက်နာဖွယ်ရာများကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

The Green Guy (အစိမ်းရောင်ကောင်လေး)
13May2020

Comments

Popular posts from this blog

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုနိုင်ဖို့ နည်းလမ်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ်။ ၁) အုပ်ကြွပ်မိုးပါ  အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။ အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။ ၂) Radiant Barrier သုံးပါ   အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ Insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။ Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။ ဒီနှစ်ချက်ဟာ Initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။ အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။ ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။ ၃) Aloe Vera စိုက်ပါ  မိမိအ...