How to take care of Succulent နေကြိုက်ပင်မို့ မနက်နေရောင်ရနေတဲ့နေရာမှာထားပေးရင် ပိုအဆင်ပြေပါတယ်။ နေရောင်ရနေမယ်ဆို အိုးလေးကို လှည့်လှည့်ပေးရပါမယ်နော်။ တဘက်ထဲနေရောင်ရနေရင် အရွက်လေးတွေ နေလောင်မှာစိုးလို့ပါ။ ညနေနေကတော့ အရမ်းပူလို့ တိုက်ရိုက်မရရင် ပိုကောင်းပါတယ်။ နေလောင်ရင် သူ့အရွက်လေးတွေ ဝါတတ်လို့ပါ။ ရေမကြိုက်လို့ သတိထားလောင်းရမယ့် အပင်မျိုးပါ။ ၁ပတ် ၁၀ရက်တခါ အိုး အောက်ခြေကို ရေထဲ စက္ကန့် ၃၀လောက်စိမ်ပေးလို့ရပါတယ်။ အပေါ်ကလောင်းမယ်ဆို ၁၀ရက် ၁၅ရက်တခါ မြေသားကို လက်ဖက်ရည်ဇွန်း ၃ ၄ ဇွန်းပဲလောင်းရမှာပါ။ မြေခြောက်မှလောင်းပေးဖို့လိုပါတယ်။ ပုံမှန် အပင် ပုံစံတွေနဲ့ကွဲထွက်ပြီး ကန္တရထဲ ဒီလိုအရွက်လှလှလေးတွေနဲ့ အပင်တွေရှိနေတာ သဘာဝတရားကပေးတဲ့ လက်ဆောင်ပါ။ တအားလှလို့ အိမ်ခန်း အလုပ်ခန်း စာကြည့်ခန်း အိပ်ခန်း ဘယ်နေရာမဆို အလှဆင်ထားရင် စိတ်ချမ်းသာစေမှာ အမှန်ပဲ။ Crd : Pandora's Floral Box
ဒီတစ်ခေါက်ပြောပြချင်တဲ့ ကြောင်းအရာလေးကတော့ စွန့်ပစ်ပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်းလေးတစ်အကြောင်းပဲဖြစ်ပါတယ် အဲ့ဒီကျွန်းလေးက Ivory Coast နိုင်ငံ ရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ Abidijan မြို့ မှာတည်ရှိတာဖြစ်ပါတယ်။ ဒီလိုမျိုးစွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးတွေနဲ့ လူလုပ်ကျွန်းလေးတစ်ခု ဖန်တီးခဲ့တဲ့သူကတော့ French လူမျိုး လူမှုအကျိူးပြုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Eric Becker ဖြစ်ပြီး ဒီစိတ်ကူးလေးကို 2012 မှာစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ Eric က Abidijan မြို့တွင်း နဲ့ ကမ်းခြေတစ်လျောက်မှာ ဖုံးလွှမ်းနေတဲ့ စွန့်ပစ်ပလတ်စတစ် ရေသန့်ဘူးပေါင်း 700,000 ကျော်ကို 6 နှစ်ကြာ စုဆောင်းပြီး ဒီအပန်းဖြေကျွန်းလေးကို တည်ဆောက်ခဲ့ပါတယ်။ ထိုပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ကျွန်းလေးက တန် ၂၀၀ နီးပါးလေးတယ်တဲ့ဗျ။ ကျွန်းပေါ်မှာ ဘားတစ်ခု ၊ စားသောက်ဆိုင်တစ်ခု ၊ ရေကူးကန်နှစ်ခုပါရှိကာ ကျွန်းကို 260m အရှည်ရှိတဲ့ တံတားတစ်ခုလည်းရှိပါတယ်။ ရေကန်ကြီးအလယ်မှာ စွန့်ပစ်ပလတ်စတစ်ရေသန့်ဘူးတွေနဲ့ တည်ဆောက်ထားတဲ့ကျွန်းလေးရှိမယ် အဲ့ကျွန်းလေးပေါ်မှာ ရေကူးကန...