Skip to main content

Posts

ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေး ဧရိယာ(ADPA)

နောက်ခံအကြောင်း ဧရာဝတီလင်းပိုင်များသည် မျိုးသုန်းအန္တရာယ်နှင့် အထူးရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း ၇၉ကောင်သာကျန်ရှိသည်။ ရေထုညစ်ညမ်းခြင်း၊ အလွန်အကျွံငါးဖမ်းခြင်း၊ တရားမဝင် ငါးဖမ်းနည်းများသုံးခြင်း၊ လှေအသွားအလာအလွန်များပြားခြင်း စသည့် လူသားများ၏လုပ်ရပ်များက ၎င်းတို့၏အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်။ စီမံကိန်း ဧရာဝတီမြစ်ထဲကျန်နေသည့် လင်းပိုင်အုပ်စုငယ်သည် မန္တလေးမြို့၏မြောက်ဘက်၊ မင်းကွန်းနှင့် ဗန်းမော်အကြားတွင် နေထိုင်ကြသည်။ ယင်းမြစ်၏ အရှည် ၇၄ ကီလိုမီတာရှိသော ဧရိယာတစ်ခုကို ဧရာဝတီလင်းပိုင် ကာကွယ်စောင့်ရှောက်ရေးဧရိယာ (ADPA) အဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန (DoF) က ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ယင်းဧရိယာတွင် လင်းပိုင်များ ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လျှပ်စစ်ရှော့တိုက်၍ ငါးဖမ်းခြင်း၊ အချို့သော ငါးဖမ်းပိုက်အမျိုးအစားများ အသုံးပြုခြင်းတို့ကို တင်းကျပ်စွာ တားမြစ်သည်။ ဧရာဝတီမြစ်တစ်လျှောက်လုံးတွင် ရွှေကျင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် တားမြစ်ခဲ့သည်။ DoF သည် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်း (WCS) နှင့်အတူပူးပေါင်း၍ လင်းပိုင် စော...

ထန်းပင်

သူတို့ရှင်သန်ဘို့ မြေအောက်ပေ၂၀၀ လောက်ကရေကို စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာ ကိုရေရောက်စေတယ်။  ပဲ၊နှမ်း၊စတဲ့ သီးနှံဖြစ်ထွန်းစေတယ် ။ လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ထိုင်းနိုင်ငံမှာ ထန်းပင်အကြီးတွေ၊တချို့မြို့တွေမှာ အကုန်လုံးတုံးသွားဘူးတယ်။ အပင်ပေါက်တွေ လည်း မရှင်တော့ဘူး၊ ယာတွေဆို အပေါ်ယံမြေဆီလွှာရေမရောက် လို့ မြေဆီမြေနှစ်မရှိတော့ဘူး ၊မြေအရောင်ဖြူလာတယ် ၊သဲမြေမျိုးပြောင်းလာတာကြောင်. သီးနှံဖြစ်ထွန်းမှု နည်းလာတယ် ၊ပျက်စီးကုန်တယ် ။ အဲ့ဒီဒေသတွေမှာ အပူချိန် အရမ်းတက်သွားပြီး  ရေစီးရေလာ ပါပြောင်းသွားတယ်။ ထိုင်းတွေ နောင်တ တွေ ရခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဒီအဖြစ်ဆိုးတွေမဖြစ်အောင် အစိုးရအနေနဲ့ တားဘို့အခုအချိန်မီသေးတယ် ။  အညာဒေသကို ကန္တာရ တခုလို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ဘူး။  အရှေ့အလယ်ပိုင်း သဲကန္တာရတွေမှာ ထန်းပင် အမျိုးတူအပင်အုပ်စုတွေရှိနေတဲ့နေရာတွေမှာဘဲရေရှိတာ ၊ အိုအေစစ်လို့ခေါ်ပြီး သိပ်တန်ဘိုးထားကြတယ်။   မြန်မာနိုင်ငံ အညာဒေသ တွေမှာ နေရာတိုင်း အိုအေစစ်တွေချည်းဘဲ။။ ဒီလိုနေရာတွေက အပင်တွေကို ခုတ်လှဲကြရင် တနေ့နေ့သဲကန္တာရတွေ ဖြစ်သွားလိမ့်မယ်။ အညာမှာ ပေ၂၀၀ အနက်လောက်က မြေအောက်ရေ စု...

ယူကလစ်နှင့်ပတ်သက်၍ပညာရှင်တဦး၏လေ့လာမှုစာတမ်း

# ယူကလစ်စိုက်ခင်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များ  # ဒေါက်တာသောင်းနိုင်ဦး ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန၊သစ်တောစီမံကိန်းဌာနခွဲ၊ဦးစီးရုံးချုပ်။ ၂၁.၉.၂၀၁၆ အလုပ်ရုံဆွေး နွေးပွဲတွင် တင်ပြသည့်စာတမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ယူကလစ်သစ်မျိုးများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ မျှဝေရန် ၊ယူကလစ်သစ်မျိုးနှင့် စပ်လျဉ်းသည့်အငြင်းပွားမှုများနှင့် သုတေသနတွေ့ရှိချက် များကို လေ့လာတင်ပြရန်နှင့် ယူကလစ်စိုက်ခင်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက် အလက်များ အကြံပြုတင်ပြရန် ဖြစ်ပါသည်။ ယူကလစ် သစ်မျိုးများသည် မူရင်းဒေသမှာ သြစတြေလျနိုင်ငံဖြစ်ပြီး ယူကလစ်မျိုးစိတ်ပေါင်း (730)ကျော်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ယူကလစ်သစ်မျိုးသည် မိုးရေချိန် ၂၀ လက်မမှ၇၀လက်မအတွင်း အပူချိန်ဒီဂရီစင်တီဂရိတ် အနိမ့်ဆုံးအပူချိန်တစ်ဒီဂရီစင်တီဂရိတ်မှ အ မြင့်ဆုံးအပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထိ မြေပြန့်ဒေသများမှ ပင်လယ်ရေအမြင့်ပေ (၃၀၀၀) ကျော်အထိ စိုက် ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ အပူပိုင်းဒေသရှိ သဲမြေများမှ ကမ်းရိုးတမ်းဒေသနှင့်တောင်ပေါ် ဒေသမျ...

"ဒီကမ္ဘာမြေဟာကျွန်တော်တို့လူသားတွေချည်းပိုင်တာမဟုတ်ပါဘူး"

"ဒီကမ္ဘာမြေဟာကျွန်တော်တို့လူသားတွေချည်းပိုင်တာမဟုတ်ပါဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကို လွင်မင်းသူ ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။ အရိုင်းဆန်ဆန်သဘာဝတော မိန်းမလှကျွန်း ကို ကိုယ့်ဇာတိနဲ့နီးပေမဲ့ ဖြတ်သွားတာလောက်ကလွဲပြီး ထဲထဲဝင်ဝင်မရောက်ဖူးသေးဘူး။ အာဆီယံအမွေနှစ် အဖြစ်သတ်မှတ်ခံထားရတဲ့ ဒီသစ်တော့ကြိုးဝိုင်းဟာကျွန်တော်တို့လိုသဘာဝကိုချစ်မြတ်နိုးတဲ့သူတွေအတွက်ဂုဏ်ယူတန်ဖိုးထားစရာနေရာတစ်ခုပါ။ မိန်းမလှကျွန်းကို ထင်းကြိုးဝိုင်းသစ်တော အဖြစ် ၁၈၉၅ ခုနှစ် ဘေးမဲ့တော အဖြစ် ၁၉၉၄ ခုနှစ် အာဆီယံအမွေနှစ်ဥယဉ်အဖြစ် ၂၀၀၃ ခုနှစ်မှာသတ်မှတ်ခဲ့ကြောင်းသိရပါတယ်။ ဘေးမဲ့တောဆိုတဲ့အမည်နဲ့အတူ သဘာဝတောရိုင်းတိရိစ္ဆာန်များကျင်လည်ကျက်စားရာစားကျက်မြေလဲဖြစ်နေပါတယ်။ ထိုအထဲမှာမှ အဓိကပြဿနာကမိကျောင်းပါ။ ပြောချင်တာကမိန်းမလှကျွန်းမှာ မိကျောင်းကိုက်ခံရတဲ့လူတွေများလာတဲ့အပေါ် မိကျောင်းတွေနဲ့ မိကျောင်းမွေးထားတဲ့သူတွေဟာ ရက်စက်လွန်းတယ်ဆိုတဲ့ လွဲမှားနေတဲ့အမြင်ကြီးအပေါ် သဘောမကျမိတာလေးပါ။ ဘိုကလေးမြို့မှ ရေမိုင် ၁၃ မိုင်အကွာမှာတည်ရှိပြီး မြေဧက ၃၃၇၇၉ ကျယ်ဝန်းတဲ့ ဒီမိန်းမလှကျ...

ကိုဗစ်-၁၉ ကာလအတွင်း ပတ်ဝန်းကျင်ကို ဘာတွေလုပ်ပြီးထိန်းသိမ်းကြမလဲ?

အာလုံးပဲမင်္ဂလာပါခင်ဗျာ အခု လောလောဆယ်တော့ အားလုံး တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေနေကြရလို့ ပျင်းနေကြပြီလို့ထင်ပါတယ်။ Green Guy လည်းတူတူပဲ အိမ်မှာအိပ်လိုက်စားလိုက်နဲ့ အရမ်းပျင်းနေပါတယ်။ ကဲ ဒီတော့ အချိန်တွေလည်းအလကားမဖြစ်၊ ကိုယ်ချစ်ရတဲ့ သဘာဝတရားကြီးကိုလည်း စိမ်းလန်းစိုပြေစေဖို့ အိမ်မှာနေရင်း လုပ်နိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပင်ငယ်လေးတွေစိုက်ပါ အပင်စိုက်တယ်ဆိုတာ ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုအမှန်တကယ်လျှော့ချပေးပြီး အောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်ပါတယ်။အိမ်မှာနေရာမရှိတာပဲဖြစ်ဖြစ် အပင်ကြီးတွေစိုက်ဖို့စိတ်မရှည်တာပဲဖြစ်ဖြစ် အပင်ငယ်လေးတွေကိုစမ်းစိုက်ကြည့်လို့ရပါတယ်။ ဟင်းသီးဟင်းရွက်အပင်လေးတွေ (ဥပမာ-ကြက်သွန်မိတ်၊နံနံပင်၊ပူဒီနာ၊ခရမ်းချဉ်သီး) ၊ပန်းပင်လေးတွေ (ဥပမာ-နှင်းဆီ၊သစ်ခွ)၊ အခန်းတွင်းလေသန့်တဲ့အပင်လေးတွေ (ဥပမာ-အသားများပင်၊ဂမုန်းပင်၊ရှားစောင်းလက်ပတ်) စတဲ့အပင်ငယ်လေးတွေကို စိုက်ကြည့်တာက အပျင်းလည်းပြေ သဘာဝပတ်ဝန်းကျင်ကိုလည်း‌ စောင့်ရှောက်ရာ ရောက်ပါတယ်။ ဆွေးမြေ့အမှိုက်တွေကို မြေဆွေးဖြစ်အောင်ဖြိုခွဲကြည့်ပါ မိမိအိမ်မီးဖိုချောင်ကထွက်တဲ့စွန့်ပစ်အမှိုက်တွေ(ဥပမာ-ကြက်ဥခွံ၊ဟင်းသီးဟင်းရွက်...

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုရန်

အဲကွန်းမသုံးပဲ အပူဒဏ်ကို အံတုနိုင်ဖို့ နည်းလမ်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ်။ ၁) အုပ်ကြွပ်မိုးပါ  အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။ အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။ ၂) Radiant Barrier သုံးပါ   အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ Insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။ Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။ ဒီနှစ်ချက်ဟာ Initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ် ။ အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။ ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။ ၃) Aloe Vera စိုက်ပါ  မိမိအ...

The Green Guy Journal မှ ကြိုဆိုလိုက်ပါတယ်

  ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ လူသားများစတင်ပြီး သဘာဝပတ်ဝန်းကျင် ဂရုစိုက်လာကြပြီ ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်သည် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးနေသည့် အဖိုးတန်အရင်းအမြစ်ကြီးတစ်ခုလည်း ဖြစ်ပါသည်။ ထိုကြောင့် မိမိတို့လူသားများကိုသာမက ကမ္ဘာပေါ်ရှိ အခြားသက်ရှိအရာအားလုံးကို အကျိုးပြုနေသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် လိုအပ်ပါသည်။ ထိုသို့ စောင့်ရှောက်ကြရာတွင် အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများသာမက လူသားတိုင်းက မိမိ တတ်စွမ်းသမျှ နေ့စဉ်လုပ်ဆောင်မှုများမှတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်သွားသင့်ပါသည်။ မိမိတို့ နေ့စဉ်ဘဝတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်အောင် The Green Guy Journal မှ နည်းလမ်းများ၊ လိုက်နာဖွယ်ရာများကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ The Green Guy (အစိမ်းရောင်ကောင်လေး) 13May2020